ကိုဗစ် ကပ်ရောဂါ (COVID-19) နှင့် မြန်မာပြည်

Kai Ostwald၊ ဗြိတိသျှကိုလံဘီယာတက္ကသိုလ် (UBC)

ဦးထွန်းမြင့်, အတိုင်ပင်ခံကူးစက်ရောဂါပညာရှင်

မြန်မာပြည်သူအများစုသည် ကနဦး ကိုဗစ် ကပ်ရောဂါ အဆိုးဆုံးစိုးရိမ်မှုများရှိနေသည့်် ၂၀၂၀ အလယ်ပိုင်းတွင် သက်သာရာရခဲ့သည်။ အမှန်စင်စစ် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်လူနာအရေအတွက်အနည်းဆုံးနိုင်ငံများအနက် တစ်ခုဖြစ်ခဲ့သည်။ သို့သော် လအနည်းငယ်အကြာတွင် ကိုဗစ် ကပ်ရောဂါ ဒုတိယလှိုင်း ကူးစက်မှုတွင်မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ၏ အဓိကနေရာတစ်ခုဖြစ်လာသည်။ ကိုဗစ် ကပ်ရောဂါ လူနာများတရှိန်ထိုးမြင့်တက်လာခြင်းက ကိုဗစ် ကပ်ရောဂါကို ယခင်က အပေါ်ယံသဘောဖြင့်သာ နားလည်ခဲ့ကြောင်း သိရှိလာခဲ့သည်။ မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေးနှင့် ပြည်တွင်းစစ် ပဋိပက္ခနှင့် ဆက်စပ်သောအသွင်ကူးပြောင်းမှုများကြောင့် ကိုဗစ် ကပ်ရောဂါ နှင့် ၎င်း၏ရေရှည် သက်ရောက်မှုများအားကို ရင်ဆိုင်ရာတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

ဤစိန်ခေါ်မှုများကိုကျယ်ပြန့်သောကဏ္ဍ သုံးခု အဖြစ် ခွဲခြား လေ့လာနိုင်သည်။ ပထမ ကဏ္ဍ က စီးပွားရေး ဖြစ်သည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာအထီးကျန် နိုင်ငံဖြစ်ခဲ့ခြင်းကြောင့် လူဦးရေအများစုသည် စီးပွားရေးအရ ကြိုတင် ပြင်ဆင်ထားခြင်း မရှိသောကြောင့် အိမ်ထောင်စု၏စုဆောင်းငွေ အနည်းငယ်သာရှိခဲ့သည်။ စီးပွားရေး ကျဆင်းမှုနှင့် ကိုဗစ် ကပ်ရောဂါထိန်းချုပ်ရေးအစီအမံများကြောင့် စက်ရုံအလုပ်ရုံများ အချိန်ကြာမြင့်စွာ ပိတ်သိမ်းခြင်းများကြောင့် စီးပွားရေးကို အလွန်အမင်းအားနည်းစေသည်။ အမှန်စင်စစ် အောက်တိုဘာလတွင် ဘဏ္ဍာရေးဆိုင်ရာဖိအား များကြောင့် ဖွံ့ဖြိုးသော ရန်ကုန်မြို့အပါအ၀င် အိမ်ထောင်စုအမြောက်အများသည် ထမင်းနပ်မှန်အောင်ပင် ပုံမှန်မစားနိုင်ဟု အစီရင်ခံစာ များကဆိုထားသည်။

ဒုတိယအချက်မှာ နှစ်ရှည်လများ ဘဏ္ဍာရေးဆိုင်ရာငွေကြေးမလုံလောက်မှုကြောင့် မြန်မာနိုင်ငံ၏ ပြည်သူ့ကျန်းမာရေး အခြေခံအဆောက်အအုံမှာအတော်အတန်အားနည်းနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦး ရေ ၁၅၀၀ ၌ ဆရာဝန် ၁ ဦး အချိုးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) မှအကြံပြုထားသည့်အနည်းဆုံး  လူဦးရေ ၁၀၀၀ ၌ ဆရာဝန် ၁ ဦးဟူသော စံ နှုန်း အောက်တွင်ရှိနေသည်။ ဤအချိုးသည် ကျေးလက်ဒေသများတွင် သိသိသာသာ ပိုပြီး နိမ့်ကျသည်။ ထို့အပြင် နိုင်ငံ၏ အဆင့်မြင့်ဆေးရုံ ၃၈ ရုံ အားလုံးနီးပါးသည်ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော် အစရှိသည့် ဖွံ့ဖြိုးမှုများသောနေရာများ တွင်တည်ရှိသည်။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းကူးစက်မှုကို ကောင်းစွာ ကိုင်တွယ် နိုင်သော်လည်း ဒုတိယလှိုင်းရောက်ရှိပြီးနောက် တစ်လအတွင်း စွမ်းဆောင်နိုင်မှုထက် ကျော်လွန်လာသည့် လက္ခဏာများ ပြလာသည်။

တတိယအချက်အနေဖြင့်မြန်မာနိုင်ငံနယ်စပ်ဒေသများ၌ဖြစ်ပွားနေသော ပြည်တွင်းစစ် ပဋိပက္ခသည် မြန်မာနိုင်ငံ၏ ကိုဗစ် ကပ်ရောဂါပျံ့နှံ့မှုကိုပိုမိုဆိုးဝါးစေသည်။ ထောင်ပေါင်းများစွာသော ပြည်တွင်းနေရပ်စွန့်ခွာရွှေ့ပြောင်းဒုက္ခသည်များ (IDP) များသည် လူဦးရေ ထူထပ်သော ဒုက္ခသည်စခန်းများတွင်နေထိုင်ပြီး ဒုက္ခသည်စခန်းများတွင် ကူးစက်ရောဂါများ လျော့ပါးရန် ခက်ခဲသည်။ အချို့သော နယ်စပ်နယ်နိမိတ်များသည်လည်း ဝင်ထွက်ပေါက်အလွန်များပြားသည်။ အထူးသဖြင့် ပြည်တွင်းစစ်ပဋိပက္ခသည် အစိုးရ၏ ကိုဗစ် ကပ်ရောဂါထိန်းချုပ်ရေးကို အကန့် အသတ် ဖြစ်စေသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ကိုဗစ် ကပ်ရောဂါလူနာများပြားခြင်းကြောင့် မြန်မာနိုင်ငံတွင် လူနာများလာမှု အန္တရာယ်ကိုမြင့်တက်စေခဲ့သည်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံများတွင်  စီးပွားရေးအခြေအနေများ ယိုယွင်းလာခြင်းနှင့် လူဦးရေရွှေ့ပြောင်းခြင်းထိန်းချုပ်မှုအစီအမံများကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား အမြောက်အများ ကို အိမ်ပြန်လာစေသည်။

ဤစိန်ခေါ်မှုများကို မြန်မာနိုင်ငံက ရင်ဆိုင်ရာတွင် အရင်းအမြစ်အခက်အခဲများ ရှိခဲ့သော်လည်း မြန်မာနိုင်ငံ၏ ကိုဗစ် ကပ်ရောဂါ အပေါ်တုန့်ပြန်မှုမှာ ကောင်းမွန်သောအချက် များစွာရှိ ခဲ့သည်။ ၎င်း၏ပြည်တွင်း ကိုဗစ် ကပ်ရောဂါ ရှိ မရှိ စမ်းသပ်မှု စွမ်းရည်သည်ဖေဖော်ဝါရီလလယ်တွင်သုညမှ အောက်တိုဘာလလယ်တွင် တစ်နေ့လျှင် ၁၀,၀၀၀ ကျော် အထိ တိုးတက်ခဲ့သည်။ မတ်လနှောင်းပိုင်းတွင် မြန်မာနိုင်ငံတွင်း ကိုဗစ် ကပ်ရောဂါ ပထမဆုံးအကြိမ်ဖြစ်ပွားမှုကို အတည်ပြုလာသည့်အခါ ကိုဗစ် ကပ်ရောဂါ ကနဦး လှိုင်း၏ပမာဏကိုရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့သည်။ ၎င်းတို့ထဲမှာ မြန်မာနိုင်ငံတွင်း၀င်လာမည့် လေကြောင်း ခရီးစဉ်များပိတ်ဆို့ခြင်းနှင့် နောက်ဆုံးတွင် နယ်စပ်ဒေသ နယ်နမိတ်များ ပိတ်ပစ်ခြင်းတို့ပါဝင်သည်။ ထို့အပြင်ပြန်လည် ရောက်ရှိလာသူအမြောက်အများကို အစိုးရမှ ထောက်ပံ့ထားသော အဆောက်အအုံများတွင် နှစ်ပတ်မှသုံးပတ်အထိ သီးသန့်ထားရှိသည်။ ၎င်းသီးသန့်ထားရှိသော နေရာများတွင် စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဘုန်းကြီးကျောင်းများ နှင့်အားကစားရုံများပါ၀င်သည်။ မြန်မာလူမှုရေး အသိုင်းအဝိုင်း၏ ခိုင်မာသောပူးပေါင်းမှုသည် ရောဂါမကူးစက်စေရန် ခွဲထားသည့်သူများ၏ လိုအပ်ချက်များကို ထောက်ပံ့ပေးသည်။

ထို့အပြင် ပြည်တွင်း ကိုဗစ် ကပ်ရောဂါ ကူးစက်မှုများကိုလျှော့ချရန် အစိုးရ၏ ကြိုးပမ်းမှုများလည်းထွက်ပေါ်ခဲ့သည်။ ပြည်သူ့ ကျန်းမာရေးအကြံပြုချက်များကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေခဲ့ပြီး လူထုစုဝေးမှုများကိုကန့်သတ်ထားသည်။ ထောက်ပံ့ရေး ဆိုင်ရာစိန်ခေါ်မှုများရှိသော်ငြား အစိုးရအပါအ၀င် ၀န်ထမ်းအမြောက်အများကို အိမ်မှအလုပ်လုပ်ရန် ဖိအားပေးခဲ့သည်။ မရှိမဖြစ် မလိုအပ်သောပစ္စည်းများကိုရောင်းချသည့်ဆိုင်များကို စက်ရုံများကဲ့သို့ယာယီပိတ်ရန် အကြောင်းကြားခံခဲ့ရသည်။ ဤအတိုင်းအတာများကို မြန်မာပြည်သူများက ယေဘုယျအားဖြင့်လက်ခံခဲ့သည်၊ သို့သော်၎င်းတို့သည် သိသိသာသာ မတည်ငြိမ်မှုများနှင့် စီးပွားရေးနာကျင်မှုများ ဖြစ်ပေါ် စေသည်။ ဥပမာအားဖြင့် စီးပွားရေးအရ အရေးကြီးသည့်အထည်ချုပ်ကဏ္ဍမှများစွာသော သူတို့သည် ရုတ်တရက် အလုပ်လက်မဲ့ဖြစ်ကာ မည်သည့်အချိန်တွင် လုပ်ငန်း ပြန်လည် လည်ပတ်မည် မသိဖြစ်ခဲ့သည်။ ဒေသတွင်းနှင့် မြန်မာနိုင်ငံတိုင်းဒေသကြီး / ပြည်နယ်များ အနှံ့အပြားတွင် လှုပ်ရှားသွားလာမှုအပေါ် ကန့်သတ်ချက်များသည် ဒေသတွင်း ကိုဗစ် ကပ်ရောဂါကူးစက်မှု၏ အန္တရာယ်ကိုထပ်မံလျှော့ချပေးသော်လည်း ပြည်သူအချို့အတွက်အခက်အခဲများစွာရှိခဲ့သည်။

ကိုဗစ် ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုလျင်မြန်စွာဆင့်ကဲဖြစ်စဉ် ပြောင်းလဲမှုများသည် မရေရာမှုများစွာကိုဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာအနှံ့ရှိ အစိုးရများအား ထိရောက်စွာကိုင်တွယ်ဖြေရှင်းရန်ခက်ခဲကြောင်း သက်သေပြခဲ့သည်။ မြန်မာနိုင်ငံသည် လည်းခြွင်းချက် မရှိပါ။ ပြောင်းပြန် မူဝါဒ များ၊ ဝေဝါးသည့်ညွှန်ကြားချက်များနှင့် တစ်ခါတစ်ရံ ဆန့်ကျင်ဘက် သတင်းအချက်အလက်များ ကျယ်ပြန့်စွာပျံ့နှံ့ခဲ့ပြီး ရံဖန်ရံခါ အစိုးရအရာရှိများနှင့်ပြည်သူလူထုအကြား တင်းမာမှုများကို ပိုမို ဆိုးဝါးစေခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းမွန်သော ကြိုတင်ကာကွယ်ရေး နှင့် ကံ ပေါင်းစပ်သည့် လုပ်ဆောင်ချက်များကြောင့်  အိမ်နီးချင်း (နှင့်အလွန်ဖွံ့ဖြိုးသော) မလေးရှားတွင် ကိုဗစ် ကပ်ရောဂါ လူနာ ၉၀၀၀ နီးပါးရှိခဲ့သည့်အချိန် ဇူလိုင်လလယ်နှင့်  ယှဉ်ကြည့်မည်ဆိုပါက မြန်မာနိုင်ငံမှအတည်ပြုသောရောဂါဖြစ်ပွားမှု ၄၅၀ နှင့် ကိုဗစ် ကပ်ရောဂါ လူနာ ပိုနည်းခဲ့သည်။ ထိုအချိန်တွင် ရောဂါ ရှိ မရှိ စမ်းသပ်မှုနှုန်း နိမ့်ကျမှုကြောင့် အမှန်တကယ် လူနာ အရေအတွက်သည် အတော်အတန်မြင့်တက်နိုင်သော်လည်း အစောပိုင်းကအဆိုးဆုံးစိုးရိမ်မှုများထက် ၎င်းတို့သည်ဆက်လက်နိမ့်ကျ နေသည်မှာ သေချာသည်။ နို၀င်ဘာရွေးကောက်ပွဲမတိုင်မှီ အစိုးရတုန့်ပြန်မှုအနေနှင့် စီးပွားရေးနာကျင်မှုကို သက်သာစေရန် ကန့်သတ်ချက်များကို တစ်စိတ်တစ်ပိုင်းအားဖြင့်ဖြေလျော့ပေးခဲ့သည်။

သို့သော် ရခိုင်ပြည်နယ်အနောက်ပိုင်း၌ သြဂုတ်လအတွင်း ပထမဆုံးအကြိမ်အစီရင်ခံခဲ့သည့် ကိုဗစ် ကပ်ရောဂါ ဖြစ်ပွားမှုသည် ပြည်တွင်း ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွင် ပြောင်းလဲမှုများ ဖြစ်ခဲ့သည်။ အထူးသဖြင့်လူ ဦးရေထူထပ်သောရန်ကုန်တွင် လူနာအရေအတွက်သည်စက်တင်ဘာလအစောပိုင်းတွင်လျှင်မြန်စွာတိုးပွားလာခဲ့သည်။ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားမှုအသစ်များ ပေါ်ပေါက်လာသည်နှင့်အမျှ အသွားအလာ ကန့်သတ်ချက်များစွာနှင့် ပိတ်ဆို့မှုများကိုပြန်လည်ချမှတ်ခဲ့သည်။ ယခုအချိန်တွင် ကိုဗစ် ကပ်ရောဂါ ကူးစက်မှုသည် ပိုမိုခိုင်မာသည့်ပုံစံဖြင့် ပြဿနာများ ပြန်ပေါ်လာသည်။ အထူးသဖြင့် ကိုဗစ် ကပ်ရောဂါ ပထမလှိုင်းကြောင့် စီးပွါးရေးအကျပ်အတည်းများစွာ ရှိခဲ့သောသူတို့အတွက် ယခုပိတ်သိမ်းမှုများကို ရင်ဆိုင်ရန် ကြိုတင်ပြင်ဆင်ထားခြင်း အထူးမရှိခဲ့ပါ။ များစွာသော ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်ငံတော်မှအကောင်အထည် ဖော်ခဲ့သော်လည်း ထိရှလွယ်သော လူမှုအသိုင်းအဝိုင်းများ အတွက်လိုအပ်ချက် မှာ အတိုင်းအတာတစ်ခုသာဖြစ်သည်။

ကိုဗစ် ကပ်ရောဂါ၏ရေရှည်ဂယက်ရိုက်မှုသည်မရှင်းလင်းသေးပါ။ အခုစာရေးနေချိန်တွင်ဤ ကိုဗစ် ကပ်ရောဂါသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုထောက်ခံမှုသိသိသာသာလျော့နည်းသွားပုံ မပေါ်ပါ။ သို့သော်တုန့်ပြန်မှုအချို့ သည်အရပ်ဘက်အစိုးရနှင့်စစ်တပ်အကြားတင်းမာမှုများကိုပိုမိုဆိုးရွားစေခဲ့ပြီး နောက်ဆုံးတွင် နှစ်ဖက်အကြား အာဏာခွဲဝေမှုအစီအစဉ်၏အဆင်မပြေမှုနှင့် မဖြစ်နိုင်သည့်သဘောသဘာဝကိုပြသနိုင်ခဲ့သည်။ အိမ်နီးချင်း အရှေ့တောင် အာရှနိုင်ငံအချို့၌ ၁၉၉၇/၉၈ ၏အာရှဘဏာရေးအကျပ်အတည်းအတွင်း ဖြစ်ပွားသကဲ့သို့ လက်ရှိအကျပ်အတည်းသည် အဖွဲ့အစည်းဆိုင်ရာပြောင်းလဲမှု ကိုပိုမိုနက်ရှိုင်းစွာဖြစ်စေနိုင်ခြင်း ရှိမရှိကို လာမည့်နှစ်တွင် ထင်ရှားလာလိမ့်မည်။ မည်သို့ပင်ဆိုစေကာမူ ဗဟိုခေါင်းဆောင်များအနေဖြင့် ရှာဖွေဖော်ထုတ်ထိန်းချုပ်မှု အစီအမံများကို အကောင်အထည်ဖော်ရန် ဗဟိုမှ အတင်းအကြပ် ညွှန်ကြားချက်များကို စစ်တပ် သို့မဟုတ် စစ်တပ်ထိန်းချုပ်မှုအောက်တွင်ရှိနေသော ရဲများမှ တဆင့် လုပ်ဆောင်ခြင်းထက် မီဆို  (meso) အဆင့်နှင့် ဒေသန္တရအဆင့် အစိုးရများအား ပို၍ မှီခိုအားထားမှုပြုခြင်းဖြင့် နောက်ဆုံးတွင် ဗဟိုချုပ်ကိုင်မှု လျော့ချရေးအတွက် အရေးကြီးသော (အမှတ်မထင်စမ်းသပ်မှု) အနေဖြင့် အသိမှတ်ပြမှု ခံရနိုင်ပါသည်။

 

Learn more about the International Development Research Centre (IDRC) Knowledge for Democracy Myanmar (K4DM) Initiative.