ပြီးခဲ့သည့် လေးနှစ်တာကာလအတွင်း NLD အစိုးရ၏မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ခြေလှမ်းများသည် လာမည့်ရွေးကောက်ပွဲများအတွင်း အစစ်ဆေးခံရဖွယ်ရှိပါသည်။ ယခုအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည်လူကြိုက်အများဆုံး ခေါင်းဆောင်ဖြစ်ပြီး NLD သည်ပြည်သူလူထုအကြား သိသာထင်ရှားသည့် ထောက်ခံမှုနှင့် အများပြည်သူအကျိုးကိုသယ်ပိုးဆောင်ရွက်နေနိုင်မှူအပေါ်တွင် သံသယဝင်ရန်မလိုပါ။ တစ်ချိန်တည်းမှာပင်လူကြိုက်များသောစာနယ်ဇင်းနှင့်ဆိုရှယ်မီဒီယာသည် လွန်ခဲ့သော ၄ နှစ်တာအတွင်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများအပေါ်အစိုးရ၏လုပ်ဆောင်မှုသည်မျှော်လင့်ထားမှုနှင့် နှိုင်းယှဉ်လျှင် အားမလိုအားမရ အမြင်များဖြစ်ပေါ်ခဲ့သည်။ အာဏာခွဲဝေမှုအစီအစဉ်များ၊ ဒီမိုကရေစီကျင့်သုံးနိုင်မှု ရပ်၀န်းများ၊ လူထုအခြေပြုလှုပ်ရှားမှုများ၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ အုပ်ချုပ်ရေးတွင်ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ ဖက်ဒရယ်စနစ်ကျင့်သုံးမှု၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စသည့် အကြောင်းအရာများတွင် ခရီးရောက်နိုင်မှုနည်းခဲ့ပါသည်။
အစိုးရသည်လူများ၏မျှော်လင့်ချက်များနှင့်မည်မျှအတိုင်းအတာ အထိဖြည့်ဆည်းပေးနိုင်သည်၊ ၎င်း၏ကတိက ၀တ်ကိုပြသနိုင်ခြင်းဖြင့် လူများ၏အမြင်ကိုပြောင်းလဲစေနိုင်မှုမှာ အရေးကြီးထည့် သွင်းစဉ်း စားရမည့်ကိစ္စဖြစ်သည်။
ပို၍အရေးကြီးသည်မှာ တိုင်းပြည်တစ်လွှားရှိ ပြည်သူများအနေဖြင့် ပေါ်ပေါက်လာသော ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် သက်ဆိုင်သောအတွေးအခေါ်များနှင့် အယူအဆများကိုနားလည် သဘောပေါက်နားလည်ပုံသည် အလွန်အရေးကြီးသည်။ ဒီမိုကရေစီ၏အခြေခံမူများ၊ ဖက်ဒရယ်စနစ်၊ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကျား၊ မတရားမျှတမှု၊ လောကီနိုင်ငံ၏အယူအဆနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်ပြည်သူတို့၏ ဗဟုသုတနှင့်နားလည်မှုအဆင့်များသည် ရွေးကောက်ပွဲများတွင်အရေးပါမှုရှိသည်။ နိုင်ငံရေးပါတီများသော်၎င်း၊ ပြည်သူလူထုအတွင်းတွင်၎င်း အဆိုပါကိစ္စရပ်များနှင့် ပတ်သက်၍ ကွဲပြားခြားနားသောအမြင်များရှိခြင်းသည် လက်တွေ့ကျသလို နိုင်ငံရေးပါတီများအနေဖြင့်လာမည့် ရွေးကောက်ပွဲများတွင် အဆိုပါ အကြောင်းအရာများအပေါ်တွင် ၎င်းတို့၏ရပ်တည်ချက် များကို ဖော်ထုတ်ပြသရန်အခွင့်အလမ်းများ ရရှိကြမှာဖြစ်ပါသည်။
ဒီအခြင်းအရာနှင့်ပတ်သက်ပြီး မကြာသေးမီ ကပြုလုပ်ခဲ့သော နိုင်ငံရေးအတွေးအခေါ် အချို့အပေါ်ပြည်သူ့ရဲ့အသိပညာလေ့လာမှု (၂၀၂၀ ဇွန်လ) ၏ ရလဒ်များကိုထည့်သွင်းစဉ်းစားဖို့လိုအပ်ပါတယ်။ ပြည်တွင်း (Think-Tank) တစ်ခုဖြစ်သည့် Center for Development and Ethnic Studite (CDES)မှ အဆိုပါလေ့လာမှုကို ၂၀၁၈-၂၀၁၀ အတွင်းပြုလုပ်ခဲ့ပြီး ၂ နှစ်တာလေ့လာချက်တွင် လူထုအခြေပြုအဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ လူငယ်ကွန်ယက်များနှင့် အမျိုးသမီးသမဂ္ဂများ၊ တက္ကသိုလ်ကျောင်းသားများ၊ မသန်စွမ်းသူများနှင့် နိုင်ငံအဝှမ်းမှလွတ်လပ်သော တက်ကြွလှုပ်ရှားသူများ (ရန်ကုန်နှင့်ရခိုင် မှလွဲ၍) စုစုပေါင်း တစ်ထောင်ကျော် ပါဝင်ခဲ့ကြပါသည်။ ဤလေ့လာမှုသည် တိုင်းပြည်၏နိုင်ငံရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုနှင့် သက်ဆိုင်သောအဓိက အတွေးအခေါ်များနှင့် ပတ်သက်၍ သူတို့၏ဗဟုသုတနှင့် နားလည်မှုအဆင့်ဆင့်ကို သက်သေထူခဲ့ပါသည်။ ၎င်းသည်သာမန်ပြည်သူများ၏ ကိုယ်စားပြုနမူနာမဟုတ်သော်လည်း ၎င်းသည်လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း အဖွဲ့အစည်းမှ ပြုလုပ်ခဲ့သောသင်တန်းများတွင်ပါ ဝင်ခဲ့သော နိုင်ငံရေးတက်ကြွသော နိုင်ငံသားများ၏ အမြင်များကို ထင်ဟပ်စေပါသည်။ ထို့ကြောင့်ဤတွေ့ရှိချက်သည် ပို၍အရေးပါသည်။
စစ်တမ်း၏တွေ့ရှိချက်တွင် သုံးပုံတစ်ပုံထက်မကသော ဖြေကြားသူများအနေဖြင့် တိုင်းပြည်ရင်ဆိုင်နေရသော နိုင်ငံရေးနှင့်လူမှုရေးကိစ္စရပ်များနှင့်ပတ်သက်သည့် ဗဟုသုတနှင့်နားလည်မှု အကန့်အသတ်ရှိနေပါသည်။ မည်သည့် သဘောထားအမြင်များပေါ် မည်သို့သော် စိတ်ဆန္ဒများ ရှိသည်ကိုမေးမြန်းသည့် အမျိုးအစား (၈) ခုအနက်မှမည်သည့်ရလဒ်မျှ ၃၅% မကျော်လွန်သွား သည်ကိုတွေ့ရှိရသည်။
ဖြေဆိုသူ ၃၃% ကဒီမိုကရေစီကိုနားလည်သည်ဟုဖော်ပြပြီး၊ ၎င်းတို့အနက် ၂၀% မှ ၂၂% သာဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းနှင့်ဖက်ဒရယ်စနစ်အပေါ်နားလည်မှုရှိသည်ဟုဖြေဆိုပါသည်။ ၎င်းတို့အနက် ၁၈% သည်သာ နိုင်ငံရေးနှင့်ဘာသာရေးခွဲခြားမှုဟူသောသဘောတရားအပေါ် နားလည်သဘောပေါက်ထားကြသည်။ ၃၁% ကျော်သည် အနာဂတ်တွင်ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများကို အပြုသဘောဖြင့်ရှုမြင်ကြပါသည်။
ဒီမိုကရေစီနှင့်အာဏာခွဲဝေမှု၊ ကိုယ်စားပြုမှု၊ ရွေးကောက်ပွဲနှင့်လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စသည်တို့သည်တိုင်းပြည်၏ အခြားဒေသများနှင့်နှိုင်းယှဉ်လျှင် ကရင်၊ ကယား၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့တွင် သိသာထင်ရှားစွာလွှမ်းမိုးမှုရှိသည်။ တိုင်းဒေသကြီးများတွင် စစ်ကိုင်းတိုင်းမှ ဖြေဆိုသူများသည် အခြားဒေသများနှင့်နှိုင်းစာလျှင် နားလည်မှုပိုမိုမြင့်မားသည်။ ဖက်ဒရယ်စနစ်ကို ပြည်ထောင်စုနှင့်ပြည်နယ် / တိုင်းဒေသကြီးများအကြား အာဏာခွဲဝေခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သို့မဟုတ် ခွဲဝေအုပ်ချုပ်မှု ဟူ၍ မကြာခဏဖော်ပြလေ့ ရှိသည်။ ဤအယူအဆကိုနားလည်မှုအဆင့်သည် တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးတွင်အားနည်းနေပုံပေါ်သည်။ နေပြည်တော် (၃၁%) နှင့်ချင်းပြည်နယ် (၃၀%) မှအပအခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှဖြေဆိုသူ ဦးရေသည် တိုင်းပြည်၏အနာဂတ်နိုင်ငံရေးကို အဆုံးအဖြတ်ပေးသည့် အလွန်အရေးကြီးသောဤရှုထောင့်နှင့် ပတ်သက်၍ ကိုနားလည်သဘောပေါက်မှု အားနည်းကြောင်းပြသနေသည်။ ထို့အပြင် ချင်းပြည်နယ် (၃၃%) နှင့်တနင်္သာရီ (၃၅%) မှဖြေကြားသူများမှအပ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်းဆိုင်ရာ အတွေးအမြင်တွင်လည်း အလားတူအသိအမြင်အားနည်းမှုများကို တွေ့မြင်နိုင်သည်။ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ၁၀% နှင့် ၂၇% အကြားသာရှိပါသည်။
အနာဂတ်ဖက်ဒရယ်စနစ်ဆွေးနွေးမှုများ မူဘောင်တွင်အရေးကြီးသော၊ အငြင်းပွားဖွယ်ကိစ္စ တစ်ခုဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာ အသိအမြင်သည်တိုင်းဒေသကြီးများမှ ဖြေဆိုသူများစွာတွင်လည်း နည်းပါးနေပါသည်။ အရှေ့တောင်ပိုင်းနှင့် ချင်းမှအပ ကျန်ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ဖြေဆိုသူများသည် ဤအယူအဆကိုနားမလည်ကြပါ။
ပြည်နယ်နှင့်တိုင်းဒေသကြီးများကြား ဖြေဆိုမှုများတွင်ရှင်းသောပုံစံတစ်ခု ထွက်ပေါ်လာနေသည်ကို မြင်နိုင်ပါသည်။ ဒီမိုကရေစီကိုနားလည်သဘောပေါက်မှုသည် ဖြေဆိုသူစုစုပေါင်း၏ ၃၇% ရှိပြီး ဒေသကြီးများမှဖြေဆိုမှုတွင် ၃၀% ခန့်ရှိပါသည်။ ထိုနည်းတူစွာပင်ပြည်နယ်များ၏ဖြေကြားသူများ၏ ၂၈% သည်ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုင်ရာအတွေးအမြင်ကိုနားလည်သဘောပေါက်ကြပြီး၊ တိုင်း ဒေသကြီးများမှ ဖြေဆိုသူ၏ ၁၈% ခန့်သာ နားလည်သဘောပေါက်မှုကို ပြသကြပါသည်။ လောကီနိုင်ငံ၏အယူအဆကို ပြည်နယ်များ၏ဖြေကြားသူများသည် တိုင်းဒေသကြီးများမှ ဖြေကြားသူများနှင့်နှိုင်းယှဉ်လျှင် ပိုမိုနားလည်သည်ကိုတွေ့ရပါသည်။ အလားတူစွာပြည်နယ်များမှဖြေဆိုသူ ၃၂% သည် ကျား၊ မတန်းတူညီမျှမှုကိုနားလည်သဘောပေါက်ကြပြီးတိုင်းဒေသကြီးများမှ ၂၃ % သည်သာ ကျား၊ မတန်းတူညီမျှမှုကိုနားလည်ကြောင်းပြသခဲ့ပါသည်။
သို့သော်စဉ်းစားသုံးသပ်ရန် ပိုမိုကြီးမားသောအချက်တစ်ခုမှာ ဤအရေအတွက်သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့်နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကာလအတွင်း နိုင်ငံတစ်ဝှမ်းရှိလူမှု အသိုင်းအဝိုင်းများအကြားရှိနိုင်ငံရေးနှင့်လူထုပညာရေးသည်အကန့်အသတ်ဖြင့်သာရောက်ရှိနေခြင်းကိုရောင်ပြန်ဟပ်ခြင်းဖြစ်သည်။
ဤအထိခိုက်မခံသောခေါင်းစဉ်များနှင့်ဆွေးနွေးပြောဆိုမှုများတွင်နိုင်ငံသားများနှင့်အရပ်ဖက်လူ့အဖွဲ့အစည်းများပါ ၀င်ရန်နေရာပိုများလာပါကအခြေအနေသည်ပိုမိုကောင်းမွန်လာနိုင်သည်။ ဤရလဒ်သည် ပြည်သူလူထုအကြား နိုင်ငံသားအသိပညာနှင့် နိုင်ငံရေးနားလည်မှုတိုးမြှင့်ရေးအတွက် လိုအပ်သော မဟာဗျူဟာများကိုဖော်ထုတ်ရန် သက်ဆိုင်သူအားလုံးကို လှုပ်နှိုးအသိပေးခြင်းတစ်ခုဖြစ်ပါသည်။
Upendranadh Choragudi ၂၀၂၀ ဇွန်လ ၂၇
၂၀၂၀ ဇွန်လ ၂၇ ရက်နေ့တွင့် Mizzima Weekly တွင်ဖော်ပြခဲ့သော ဆောင်းပါးရှင် Upendranadh Cohoragudi ၏ “Myanmar survey finds limited understanding among citizens of democracy, federalism” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြထားခြင်းဖြစ်ပါသည်။
This is a translation of: Myanmar survey finds limited understanding among citizens of democracy, federalism - Mizzima, June 27, 2020
Learn more about the International Development Research Centre (IDRC) Knowledge for Democracy Myanmar (K4DM) Initiative.