မြန်မာ့ဖွံ့ဖြိုးရေးအတွက် Think Tank များ၏အဓိက အခန်းကဏ္ဍ

TEACIRCLEOXFORD ၂၆ ရက် ဖေဖော်ဝါရီလ  ၂၀၂၀

Edgard Rodriguez သည်မြန်မာနိုင်ငံ၏ လက်ရှိပြုပြင်ပြောင်းလဲမှုများကို အထောက်အကူပြုရန် (Think Tank) တတ်သိပညာရှင် အုပ်စုများတွင်ရင်းနှီးမြှုပ်နှံခြင်း၏အခန်းကဏ္ဍကို ဖော်ပြထားပါသည်။

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ခေတ်မီရေးနှင့် အနောက်ကမ္ဘာနှင့် သီးခြားနေခဲ့သည့် အချိန် ကတည်းက ပိုမို၍ ပွင့်လင်းမြင်သာရေးတို့၌  သိသိသာသာတိုးတက်ခဲ့ပါသည်။ မည်သို့ပင်ဆိုစေကာမူ ၂၀၁၉ ခုနှစ် ထိခိုက်လွယ်မှုအခြေအနေညွှန်းကိန်းတွင် ပါကစ္စတန်နှင့်မြောက်ကိုရီးယားအထက်တွင် ရှိနေဆဲဖြစ်သည်။

 

အသွင်ကူးပြောင်းမှု ဆက်လက်ဖြစ်ပွားနေချိန်တွင် အရပ်ဘက်အစိုးရအတွက် အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုမှာနိုင်ငံလူဦးရေ ၅၃ သန်းနှင့် ကွဲပြားသော လူမျိုးစုတစ်ရာကျော်ကို ကိုယ်စားပြုသော အုပ်စုများစွာ၏ အကျိုးစီးပွားကိုဟန်ချက်ညီစေရန်ဖြစ်သည်။  မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ၀န်ကြီးများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဥပဒေ အသစ်များ အဆိုပြုတင်သွင်းရန်၊ ပိုမိုကောင်းမွန်သည့် ပြည်သူ့ဝန်ဆောင်မှုများ ဖြည့်ဆည်းပေးရန်၊ ကမ္ဘာ့အရှည်ကြာဆုံးပဋိပက္ခကို အဆုံးသတ်ရန်နှင့် ရေရှည်တည်တံ့ပြီး အပြုသဘောဆောင်သည့် ရလဒ်များ ဖော်ဆောင်နိုင်ရန် စသည့်တောင်းဆိုချက်များနှင့်ရင်ဆိုင်နေရသည်။ အာရှဖောင်ဒေးရှင်းမှ မကြာသေးမီကထုတ်ပြန်ခဲ့သော အပြောင်းအလဲကိုစီမံခန့်ခွဲခြင်း - မြန်မာအစိုးရအဖွဲ့၏မူဝါဒချမှတ်ခြင်း အစီရင်ခံစာတွင် မူဝါဒချမှတ်သူများက တိုင်းပြည်၏ စီးပွားရေးနှင့် လူမှုရေးပြဿနာများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အရည်အသွေးမြင့်ပြီးပြည့်စုံသော အချက်အလက်များနှင့် ခွဲခြမ်းစိတ်ဖြာမှုက များစွာ အထောက်အကူပြုနိုင်ပါသည်။

သို့သော်ဤသို့သော အချက်အလက်နှင့်ခွဲခြမ်းစိတ်ဖြာမှုကို မည်သည့်နေရာတွင် တွေ့ရှိနိုင်မည်နည်း။ (Think Tanks) တတ်သိပညာရှင် အဖွဲ့များသည် ဤလိုအပ်သောအကြံဥာဏ်များ ပေးနိုင်ပြီး အစိုးရများအတွက် ထိရောက်သောအရင်းအမြစ်တစ်ခု ဖြစ်လာနိုင်သည်။ ၂၀၁၈ ခုနှစ် (Global Go To Think Tank ) အညွှန်းကိန်းအရ အာရှသည်ကမ္ဘာပေါ်ရှိစဉ်းစားတွေးခေါ်သည့် လူ ဦး ရေ၏ ငါးပုံတစ်ပုံခန့်၏နေရာဖြစ်သည်။ မြန်မာနိုင်ငံ၏ Think Tank တတ်သိပညာရှင် အဖွဲ့များသည် တက်ကြွစွာဖြင့်ပေါ်ထွက်ကာအင်အားဖြည့်ပေးနေပါသည်။ ဤအရပ်ဘက်လူ့အဖွဲ့အစည်းများအပေါ် အလှူရှင်များ၏ထောက်ခံမှုသည် မူဝါဒချမှတ်ခြင်းအတွက် သက်သေအထောက်အထားများကို အခြေခံသည့် အကြံဥာဏ်များကိုသေချာစေရန် အထောက်အကူပြုနိုင်သည်။ ပြည်တွင်း (Think Tank) တတ်သိပညာရှင် အဖွဲ့များတွင် ရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ရှုပ်ထွေးသော အခြေအနေနှင့် ကိုက်ညီမှုရှိသလို  ထိရောက်သောမူဝါဒရွေးချယ်စရာများကို ရေခံမြေခံနှင့် အညီ ဖော်ထုတ်ပေးနိုင်ပါသည်။

ပြည်တွင်း Think Tank အဖွဲ့များ၏အမြင်

မြန်မာနိုင်ငံ၏ ၂၀၁၁ ပေါ်လစီအသိုင်းအဝိုင်း စစ်တမ်း၏ရလဒ်များအရ မြန်မာနိုင်ငံရှိ Think Tank တတ်သိပညာရှင်များသည် အမျိုးသားအဆင့်မူဝါဒချမှတ်ရေးအတွက်တိကျသောသတင်းအချက်အလက်များကို သက်ဆိုင်ရာတာ၀န်ရှိသူများအနေဖြင့်လွယ်ကူစွာရရှိနိုင်စေရန်အတွက် တိုးတက်အောင်လုပ်ဆောင်ဖို့လိုမည်ဟု အကြံပြုထားပါသည်။ နိုင်ငံ၏မူဝါဒချမှတ်သူများ၏ ၂၉ ရာခိုင်နှုန်းသာလျှင်အစိုးရနှင့်လွတ်လပ်သောနိုင်ငံတွင်း သုတေသနဌာနများမှ သတင်းအချက်အလက်နှင့်ခွဲခြမ်းစိတ်ဖြာခြင်းကို ရယူလေ့ရှိကြပါသည်။ တောင်အာရှနိုင်ငံငါးနိုင်ငံတွင်ပြုလုပ်ခဲ့သော စစ်တမ်းတစ်ခုမှာလည်း အာရှဖြေဆိုသူ ၆၀ ရာခိုင်နှုန်းသည် ၎င်းတို့၏သတင်းအချက်အလက် လိုအပ်ချက်အတွက် ၎င်းတို့၏ Think Tank တတ်သိပညာရှင် အဖွဲ့များသို့ ချဉ်းကပ်လာကြသည်ကိုတွေ့ရှိရသည်။ တက္ကသိုလ်များအတွက်ရလဒ်များမှာ ပို၍ ပင်အံ့သြစရာကောင်းသည်၊ တောင်အာရှဖြေဆိုသူ ၄၂ ရာခိုင်နှုန်းသည် ပြည်တွင်းတက္ကသိုလ်များကို အားထားကြပြီး မြန်မာနိုင်ငံ၏ ၇ ရာခိုင်နှုန်းကသာ ပြည်တွင်းတက္ကသိုလ်များကို ကိုးကားကြောင်းဖြေဆိုခဲ့သည်။ ဒီတွေ့ရှိချက်သည် ဆယ်စုနှစ်များစွား စနစ်တကျလျစ်လျူရှု ခံခဲ့ရသော နိုင်ငံ၏တက္ကသိုလ်များက ထုတ်လုပ်သော သုတေသနအရည်အသွေးများအပေါ် ယုံကြည်မှု နှင့်ပတ်သက်ပြီး အကြံပြုထားပါသည်။

 

 

ဤသို့မြန်မာနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြည်တွင်း Think Tank တတ်သိပညာရှင်အဖွဲ့အချက်အလက်များနှင့် သက်သေ အထောက်အထားများသည် အရေးပါသည့် အခန်းကဏ္ဍတစ်ခုအနေဖြင့် ပိုမိုကိုးကားလာနိုင်သောအရင်းအမြစ်ဖြစ်လာရန်အတွက် စစ်တမ်းအနေဖြင့် သုတေသနအရည်အသွေးကို တိုးတက်အောင်အတွေ့အကြုံနှင့်လေ့ကျင့်သင်ကြားထားသည့် ဝန်ထမ်းများ၏ရရှိနိုင်မှုကိုတိုးမြှင့်ရန်နှင့်  ၎င်းတို့၏ ဝန်ဆောင်မှုများနှင့် ပတ်သက်ပြီး ပိုမိုအသိရှိလာအောင်လုပ်ဆောင်ရန်အကြံပြုထားပါသည်။ တိုင်းပြည်အတွင်းရှိမူဝါဒဆိုင်ရာအသိုင်းအဝိုင်းတစ်ခုလုံး၏ အမြင်များကိုကိုယ်စားပြုနိုင်ခြင်းမရှိသော်လည်း စစ်တမ်းကောက်ယူမှုသည် ပြည်တွင်း Think Tank တတ်သိပညာရှင် များ၏အားသာချက်များနှင့် အားနည်းချက်များကို နားလည်ရန်အတွက် ခေါင်းဆောင်ပိုင်း ပါဝင်သူများ၏ တန်ဖိုးရှိသောအမြင်များကိုစုဆောင်းထားခြင်းဖြစ်သည်။

ဆက်လက်လုပ်ဆောင်ဖို့လိုအပ်ချက်မျာ…..

ယေဘုယျအားဖြင့် (Think Tank) တတ်သိပညာရှင် အဖွဲ့များအပေါ်ယုံကြည်မှု အားနည်းသော်လည်း အစိုးရနှင့်ကောင်းမွန်သောဆက်သွယ်မှုရှိသည့် အဖွဲ့အစည်းအနည်းငယ်အနေဖြင့် လုပ်ဆောင်နေမှုများသည် လိုအပ်ချက်များသည်နှင့်အမျှဝန်ပိနေပါသည်။

လက်ရှိအုပ်ချုပ်ရေး၏လိုအပ်ချက်များကိုဖြည့်ဆည်းပေးသည့်လူသိများသောအကြံပေးအဖွဲ့နှစ်ခုမှာရန်ကုန်ရှိ Renaissance Institute နှင့်နိုင်ငံ၏မြို့တော်နေပြည်တော်ရှိ Myanmar Development Institute တို့ဖြစ်သည်။ မြန်မာအစိုးရ၏မူဝါဒဖွံ့ဖြိုးတိုးတက်မှုနှင့် အကောင်အထည်ဖော်မှု စွမ်းရည်များသည် ဖြစ်ပေါ်တိုးတက်နေဆဲ ဖြစ်သောကြောင့်ထိုအဖွဲ့အစည်းနှစ်ခု၏ လုပ်ဆောင်မှုသည်အားရဖွယ်ကောင်းသည်။

မြန်မာနိုင်ငံတွင်မူဝါဒချမှတ်ခြင်းဆိုင်ရာတွင် သက်သေအထောက်အထားဖြင့်ချဉ်းကပ်ပုံနည်းလမ်းကို အသုံးပြုခြင်းသည် အသစ်အဆန်းဖြစ်နေဆဲဖြစ်ပြီး များစွာသောအင်စတီကျူးရှင်းများမှာ တည်ဆောက်နေရဆဲဖြစ်ပါသည်။ မူဝါဒချမှတ်သူများနှင့်အစိုးရအဆင့်ပေါ် မူတည်၍ မူဝါဒချမှတ်သူများ၏သဘောထားသည် ပေါ်လစီချမှတ်သူနှင့်အစိုးရအဆင့်ပေါ် မူတည်၍ ကွဲပြားသည်။ နေပြည်တော်မှ အတွေ့အကြုံရှိ ညွှန်ချုပ်တစ်ယောက်၏အမြင်သည်  မူဝါဒချမှတ်ခြင်းတွင် အတွေ့အကြုံနည်းသော သုတေသနပြုခြင်းနှင့်သက်သေအထောက်အထားများကို နားမလည်နိုင်သည့် ပြည်နယ်သို့မဟုတ်တိုင်းဒေသကြီးတစ်ခုမှ လွှတ်တော်အမတ်တစ်ဦး နှင့် အလွန်ခြားနားသော ရှုထောင့် ရှိနေနိုင်ပါသည်။

 

အကြံဥာဏ်များပေးနိုင်ရန် သေးငယ်သည့် အကြံဥာဏ်အကြံပေးအဖွဲ့ငယ်များအတွက် အလားအလာများ ရှိနေပါသည်။ အကယ်၍ Think Tank အဖွဲ့များသည်အသုံး၀င်ပြီး လက်လှမ်းမီသော သတင်းအချက်အလက်များကိုပေးနိုင်ရန်ဆန်းသစ်သောနည်းလမ်းများဖြင့်ပံ့ပိုးပေးလျှင်၊ မူဝါဒချမှတ်သူများထံမှ ဝယ်လိုအားကိုဖန်တီးရန် အခွင့်အလမ်းရှိသည်။ ကန့်သတ်ထားသည့်နိုင်ငံရေးနယ်ပယ်တွင် လုပ်ငန်းလုပ်ကိုင်ရန်အခက်အခဲများရှိသော်လည်း မြန်မာနိုင်ငံရှိစဉ်း Think Tank အဖွဲ့များသည်ထွက်ပေါ်လာနေပါသည်။ လွတ်လပ်စွာစဉ်းစားတွေးခေါ်သည့်အဖွဲ့များမှ အကြံဥာဏ်သစ်များဖြင့် အများပြည်သူများအကြား ဆွေးနွေးငြင်းခုံမှုများအား ပံ့ပိုးရန်အတွက် သုတေသနနှင့် သက်သေအထောက်အထားများကို ပိုမိုကောင်းမွန်စွာ အသုံးပြုရန်ဤနေရာကိုချဲ့ထွင်ရန်လိုအပ်သည်။ Myanmar Times နှင့် Frontier မှမီဒီယာဆောင်းပါးများ သည် အရပ်သား အုပ်ချုပ်ရေး အောက်တွင် အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းက႑ကိုဖော်ပြထားပါသည်။ ၂၀၂၀ နှောင်းပိုင်းချဉ်းကပ်မှုနှင့် အများပြည်သူဆိုင်ရာဆွေးနွေးငြင်းခုံမှုများ ပိုမိုများပြားလာမည့် နောက်လာမည့်ရွေးကောက်ပွဲများကြောင့် ပိုမိုဖော်ပြလာသည့်အကြောင်းများဖြစ်ပါသည်။

ရွေးကောက်ပွဲစက်ဝန်းအသစ်အနေဖြင့် အလှူရှင်များအတွက်အဓိကမေးခွန်းမှာ မူဝါဒနှင့်သက်ဆိုင်သော သုတေသနအတွက်စွမ်းရည်မြှင့်တင်ရန် စဉ်းစားတွေးခေါ်သည့် အဖွဲ့များအတွက် မည်မျှအထောက်အပံ့လိုအပ်မလဲဆိုတာပဲဖြစ်ပါသည်။

Think Tank လိုအပ်ချက်များကိုအကဲဖြတ်ခြင်း

မြန်မာနိုင်ငံ၏အသွင်ကူးပြောင်းမှုသည် ဆက်လက်ဖြစ်ပေါ်နေသည်နှင့်အမျှ အသစ်တည်ထောင်ထားသော Think Tank အဖွဲ့များသည် ၄င်းတို့အနေဖြင့် ထိရောက်သောနှင့် ရေရှည်တည်တံ့ခိုင်မြဲရန်လိုအပ်သော အထောက်အပံ့များရရှိရန်ရုန်းကန်နေရသည်။ အချို့သောအဖွဲ့အစည်းများကြီးထွားလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ Think Tank မြင်ကွင်းသည်လည်း လျင်မြန်စွာပြောင်းလဲသွားလိမ့်မည်။ ၎င်းကိုကျန်းမာသောအခြေအနေတစ်ခုအဖြစ် ရှုမြင်သင့်သည်၊ သို့သော်နုနယ်သောနှင့် ဖွဲ့စည်းပုံအားနည်းသော အဖွဲ့အစည်းများအတွက် သိသာသောပံ့ပိုးမှုများပေးရန် ကြိုးစားနေသည့် အလှူရှင်များအတွက် အခက်အခဲများဖြစ်စေနိုင်သည်။ IDRC နှင့် Kivu International တို့သည်ဤအလုပ်အတွက် ပြင်ဆင်မှုပြုလုပ်ရန်လိုအပ်သော အကဲဖြတ်စစ်ဆေးမှုကိုပြုလုပ်ခဲ့ပြီး၊ Think Tank အဖွဲ့များအားလုံး၏ ဘုံလိုအပ်ချက်များကိုရှာဖွေခဲ့သည်။

အခြေခံအုတ်မြစ်ဆိုင်ရာအဖွဲ့အစည်းဆိုင်ရာလုပ်ဆောင်ချက်များ - ဥပမာအားဖြင့်ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များအတွက် အဓိကလုပ်ငန်းစဉ်များနှင့် လုပ်ငန်းတာဝန်များလိုအပ်သည်။ ဤအချက်သည် Think Tank အဖွဲ့များအတွက်စိန်ခေါ်မှုတစ်ခုဖြစ်နေဆဲဖြစ်ပြီး ရလဒ်များ ထွက်ပေါ်လာအောင်လုပ်ဆောင်နေရင်းနှင့် ၎င်းတို့သည် အဖွဲ့အစည်း၏ဖွံဖြိုးတိုးတက်မှုကို တပြိုင်တည်း စီမံခန့်ခွဲရန် လိုအပ်သည်။ အချို့သော မြန်မာအဖွဲ့အစည်းများသည် ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ အကန့်အသတ်ဖြင့်ကြီးထွားရန် မျှော်လင့်ချက်အစီအစဉ်များရှိသည်။ ထိုမျှော်လင့်ချက် အစီအစဉ်များအား စီမံနိုင်ရန်လိုအပ်ပါသည်။

၀န်ထမ်းအသစ်များကို စုဆောင်းနိုင်ခြင်းနှင့် ပေါင်းစပ်ခြင်းစွမ်းရည်အနေဖြင့် - ကြီးထွားလာနေသော အဖွဲ့အစည်းများ ပုံမှန်ရှာဖွေခန့်အပ်နိုင်ဖွယ်ရှိသော်လည်း ၀န်ထမ်းအသစ်များအတွက် Think Tank အဖွဲ့များသည်မကြာခဏ လုပ်ငန်းမိတ်ဆက်ခြင်းနှင့် လုပ်ငန်းအတွင်း  အသားကျအောင်လုပ်ဆောင်ခြင်းများ ရှိရန်လိုအပ်သည်။ ထိုသို့လုပ်ဆောင်ရန် အချိန်ပေးရလေ့ရှိပါသည်။ Think Tank အဖွဲ့များက အရည်အချင်းရှိသော ဝန်ထမ်းများနည်းပါးနေသလို တချိန်တည်းမှာပင် အရည်အချင်းရှိလာသော  ဝန်ထမ်းများကိုထိန်းသိမ်းရန်ခက်ခဲပါသည်။ မြန်မာတက္ကသိုလ်များသည်အဆင့်မြင့် အရည်အချင်းပြည့်မီသော ဘွဲ့လွန်ကျောင်းသားများကို မွေးထုတ်နိုင်ရန်ပြင်ဆင်ထားခြင်းမရှိသေးပါ။ ယူနက်စကို၏အဆိုအရမြန်မာနိုင်ငံရှိလူ ဦး ရေ ၁၀၀၀၀၀ အနက် ၇ ဦးသည်သာမဟာဘွဲ့ရရှိထားပါသည်။

ခေါင်းဆောင်များအတွက်ပံ့ပိုးမှု - အလုပ်အမှုဆောင်ဒါရိုက်တာများသည် ငယ်ရွယ်သောအဖွဲ့အစည်းများကို ပြုစုပျိုးထောင်ရန်လိုသည်။  ၎င်းသည်သိသာထင်ရှားသော ခေါင်းဆောင်မှုစိန်ခေါ်ချက် တစ်ခုဖြစ်ပြီး အချင်းချင်းသော်၎င်း အကြံပေးများနှင့် ပုံမှန်ထိတွေ့ဆက်ဆံမှု ဖြင့်သော်၎င်းဖြေရှင်းနိုင်သည်။

Kivu International နှင့် IDRC ၏လိုအပ်ချက်အကဲဖြတ်ခြင်းတွင်ဖော်ထုတ်ထားသောအခြားလိုအပ်ချက်များမှာ -

  • ဆက်သွယ်ရေးစွမ်းရည် - သုတေသနအဖွဲ့မှတွေ့ရှိချက်များကို ရှင်းလင်းစွာဖော်ပြရန်နှင့်ဆက်သွယ်ရန် လိုအပ်သည်ကို Think Tank တတ်သိပညာ်ရှင် အဖွဲ့များကလက်ခံထားပါသည်။
  • ရန်ပုံငွေရှာဖွေခြင်း - အချို့သောအဖွဲ့အစည်းများသည် ရန်ပုံငွေရှာဖွေရေးအတွက် အချိန်များစွာ အသုံးပြုရပြီး အောင်မြင်မှု အနည်းငယ်သာရှိသည်ဟုယူဆပြီးအချို့ကမူ   ၎င်းတို့သည် ၄င်းတို့၏ ကိုယ်ပိုင်သုတေသနအစီအစဉ်များမှ သွေဖီသွားစေသော လုပ်ငန်းများအတွက် အချိန်ပေးရသည်ဟု ထင်မြင်ကြသည်။
  • သုတေသနနည်းလမ်းများ - Inya Institute သို့မဟုတ် Enlightened Myanmar Research Foundation ကဲ့သို့သောဒေသဆိုင်ရာအဖွဲ့အစည်းများမှသင်တန်းများသည် ၀န်ထမ်းများကို Think Tank တတ်သိပညာရှင် အဖွဲ့များတွင်ပါ၀င်ရန် လုံလောက်သောအတိုင်းအတာ အထိရောက်ရန် လိုအပ်နေပါသည်။
  • ပေါ်လစီဖွံ့ဖြိုးတိုးတက်မှု - ခေတ်သစ်ပြည်သူ့ရေးရာမူဝါဒနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ မျိုးဆက်သစ်များကို ပညာပေးရန် တက္ကသိုလ်ဆိုင်ရာ အဆင့်မြင့်ပညာအစီအစဉ်မရှိသေးပါ။ ဤစနစ်ပြင်ပ၌ အခြားနည်းဖြင့် လေ့ကျင့်သင်ကြားပေးခြင်းသည် လူထုအခြေပြုလူ့အဖွဲ့အစည်းများမှ ကြိုးပမ်းမှုများဖြစ်သည့် Myanmar Egress၊ ဖွံ့ဖြိုးရေးနှင့်တိုင်းရင်းသားလေ့လာရေးစင်တာ၊ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းတို့ဖြစ်သည်။ သို့သော်လည်း လေ့ကျင့်သင်ကြားမှုများ ယခုထက်ပိုမိုလိုအပ်ပါသည်။

ကောင်းမွန်သော အဆင့်မြင့်ပညာရေးစနစ်သည် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး မြန်မာနိုင်ငံသည် ဤကတွင်ပြုပြင်ပြောင်းလဲမှုများကို စတင်လုပ်ဆောင်နေသည်။ပြည်တွင်း လွတ်လပ်သောသုတေသီများနှင့် မူဝါဒအကြံပေးများ၏တက်ကြွ၊ ကြံ့ခိုင်သောအသိုင်းအဝိုင်းကိုဖန်တီးရန်ဆယ်စုနှစ်များစွာကြာလိမ့်ဦးမည်။ တစ်ချိန်တည်းမှာပင် Think Tank အဖွဲ့များသည် တိုင်းပြည်ရင်ဆိုင်နေရသော ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများကိုစဉ်းစား၍ ပိုမိုကောင်းမွန်သောအနေအထားရှိသော လူ့အဖွဲ့အစည်းကို ပြန်လည်ထူထောင်ရန်သာမက ပေါ်ပေါက်လာသော Think Tank တတ်သိပညာရှင် အဖွဲ့များကိုရင်းနှီးမြှုပ်နှံခြင်းသည် ကမ္ဘာ့အသွင်ကူးပြောင်းရေးဆိုင်ရာ နိုင်ငံရေးစနစ်များကိုပြုစုပျိုးထောင်ရန် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်နိုင်ကြောင်း အလှူရှင်များကသတိပြုသင့်သည်။

 

Edgard Rodriguez သည်အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုသုတေသနဌာနမှ ဦး ဆောင်သောအကြီးတန်း အစီအစဉ်ဆိုင်ရာ ကျွမ်းကျင်သူဖြစ်သည်။ Global Affairs Canada ၏ငွေကြေးထောက်ပံ့မှုဖြင့်  မြန်မာပြည် ဒီမိုကရေစီအတွက် အသိပညာ်အစီအစဉ်သည် သုတေသနနှင့် အထောက်အထားအခြေပြု ပြည်သူ့ရေးရာမူဝါဒများ လုပ်ဆောင်နိုင်ရန် ခေါင်းဆောင်များ၏ စွမ်းဆောင်ရည် မြှင့်တင်ခြင်းကို လုပ်ဆောင်နေပါသည်။

 

This is a translation of: A Key Role for Think Tanks in Myanmar’s Development - Tea Circle Oxford, Feb. 26, 2020

 

Learn more about the International Development Research Centre (IDRC) Knowledge for Democracy Myanmar (K4DM) Initiative.